MSF အဖွဲ့ချုပ်မှ ယနေ့( ၂၅.၁.၂၀၂၂ ) ရက်နေ့တွင် ဒုတိယအကြိမ် ​မြောက် အဖြစ်(သိန်း ၂၀၀ ကျပ်) ကို ပေးအပ်လှူဒါန်း ခဲ့ပါသည်။

ASHC ထာဝရငွေပဒေသပင်ရံပုံငွေထည့်လှူခြင်း😊😊😊
*******************************
သက်ကြီးသင်္ဘောသား ကျန်းမာရေး ကူညီမှု လုပ်ငန်းကော်မတီ၏ ထာဝရ ငွေပဒေသပင်အတွက် MSF အဖွဲ့ချုပ်မှ ယနေ့( ၂၅.၁.၂၀၂၂ ) ရက်နေ့တွင် ဒုတိယအကြိမ် မြောက် အဖြစ်(သိန်း ၂၀၀ ကျပ်) ကို ပေးအပ်လှူဒါန်း ခဲ့ပါသည်။
MSFအဖွဲ့ချုပ် မှပထမအကြိမ် ထာဝရငွေပဒေသပင် ရန်ပုံငွေ( သိန်း ၁၀၀ ကျပ်)အား( ၂၉.၁၀..၂၀၂၁) ရက်နေ့တွင် UAB Bank တွင် ASHC fixed deposit စာရင်းတွင် အပ်နှံလှူဒါန်းထားပြီး ဖြစ်ပါသည်။
အခြေအနေအရပ်ရပ်ပေါ်မူတည်၍ နောက်ထပ်(သိန်း ကျပ်၁၀၀) အား ထပ်မံလှူဒါန်းပေးရန်စီစဥ်ခဲ့ကြပါသည်။ ယခုအခါ ASHC အဖွဲ့၏ လုပ်ဆောင်ချက်များ အောင်အောင်မြင်မြင် အရှိန်ဟုန်မြင့်တက်လာသည်ကိုတွေ့ရသောကြောင့် မူလ ရည်ရွယ်ထားသော(သိန်း၁၀၀ကျပ်) လှူဒါန်းမည့်အစား(သိန်း၂၀၀ ကျပ်) တိုးမြှင့်လှူ ဒါန်းရန် MSF ECအဖွဲ့ဝင်များအားလုံးကတညီတညွတ်နည်းဆုံးဖြတ်ပြီးလှူဒါန်းခဲ့ကြပါသည်။ နောင်အခါလည်းတိုးတက်လှူဒါန်းလိုသောဆန္ဒများရှိကြောင်းကြားသိခဲ့ရပါသည်။
MSF မှ ASHC အတွက်အပ်နှံပေးထားသော နှစ်ရှည် ပုံသေအပ်နှံငွေမှ ရရှိသော အတိုးများအား အစောဆုံး (၂၈.၁၀..၂၀၂၂ )မှ စတင်အသုံးပြုပေးလှူနိုင်မည် ဖြစ်ပါသည်။
🎉🎊🎉
အလှူရှင်MSF အဖွဲ့ချုပ် ဥက္ကဌ၊ EC အဖွဲ့ဝင်များနှင့်မိသားစုဝင်များအနေဖြင့် သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းမြတ်သော လိုအင်ဆန္ဒများနှင့် ပြည့်စုံကြပါစေ။ ကပ်ကြီးသုံးပါးမှလည်းလွတ်ကင်းကျော်လွှားနိုင်ကြပါစေ။ လုပ်ငန်းကိုင်ငန်းများလည်း အဆင်ပြေချောမွေ့အောင်မြင်ကြပြီး ဒီထက်မကလည်းပိုမို လှူဒါန်းနိုင်ကြပါစေ။
🙏🙏🙏
ASHC
27th January 2022

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top